Thursday, 1 January 2015

ကိုသန်းစိုးထွန်း (၃၆) နှစ် / မောင်ထန်ငွမ်းတွမ် (၂၃)နှစ် တို့ နှစ်ဦးအား ကျန်းမာရေးစောင့်ရှောက်မှု














Kepong Free Funeral Service Society ( Malaysia ) is the youth member of cohort volunteer cooperated association and aid for departed person stayed here. It established since 2011 and activity.

( A )The Union of Myanmar, Siskaing Division, Ka Lay Wa Town ship, Shwe Taung Village, U Zan Khin Paung and Daw Dain Shan Kying’s son Thaung Ngun Tuang (23) years got hypertension and suffer from paralytic stroke. That why he cured two time from the medical on the johon Hospital, Johon city, Malaysia.

(B) The Union of Myanmar, Siskaing Division, Ka Lay Wa Town ship, Shwe Taung Village, U Zan Khin Paung and Daw Dain Shan Kying’s son Thaung Ngun Tuang (23) years got a Brain fever and suffer from paralytic. So he cured two time from the medical on the johon Hospital, Johon city, Malaysia .

We have been sent to Myanmar Yesterday with cooperated member of Thidagu association, Premial Coffeemix Copany and Kepong Free Funeral Service Society ( Malaysia ) , and Free Funeral Service Society ( Yangon ) picked up and sent to his parents When arrived him Myanmar, because his parents request to our Kepong Free Funeral Service Society ( Malaysia ) at 31th December, 2014.

Kepong Free Funeral Service Society (Malaysia)

                 ကျွန်တော်တို့ကပုန်း(၇)ရက်သားသမီးနာရေးကူညီမှု့အသင်း(မလေးရှား)သည် မလေးရှားတွင်ရောက်ရှိနေကြသောမြန်မာနိုင်ငံသားလူမျိုးဘာသာမရွေးသေဆုံးသွားချိန်နှင့်လူမှုရေး ကျန်းမာရေးကိစ္စများအခက် အခဲမရှိစေရန်ရည်ရွယ် ၍(2011)ခုနှစ်တွင် စတင်ဖွဲစည်းပြီး ယနေ့ထိတိုင် ကူညီနေသောလူမှု့ ကူညီရေး အသင်း(မလေးရှား) အသင်းကြီးဖြစ်ပါသည်။

ထို့အပြင်လူမှုရေးပရဟိတလုပ်ငန်းများကိုအခါအားလျော်စွာပြည်တွင်းပြည်ပအသင်းများ ကုမ္မဏီများ နှင့်ချိတ်ဆက် ကာကူညီခဲ့ပါသည်။

(က ) ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ တနသာင်္ရီတိုင်းဒေသကြီး ၊ မြိတ်မြို့ ၊ ကံကြီးရပ်ကွက်၊ ပုလောကျောင်း အနောက်လမ်း နေထိုင် သော ၊ ဦးသောင်းစိန် + ဒေါ်အေးအေးမြင့် တို့၏ သား မနီထွန်း၏ ခင်ပွန်း ကိုသန်းစိုးထွန်း (၃၆) နှစ်သည် ဦးနှောက်နှင့်ပါတ်သက်သောရောဂါ ဝေဒနာခံစားနေရပြီး ၊ လေဖြတ်သွားပါသဖြင့် ချဲရပ် (စ်) မြို့ရှိ HUKM ဆေးရုံတွင် တစ်လခန့် ဆေးကုသခဲ့ပါသည်။ ပျောက်ကင်း သွားပြီးချိန်တွင် မိဘများ သားဖြစ်သူအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးပါရန် အကူအညီတောင်းခံလာပါသည်။

( ခ ) ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ် ၊ ရွှေတောင်ကျေးရွာ နေ အဖ(ဦးဇံခင်ပေါင်+အမိဒေါ်ဒိန်ရှန်ကျိန်တို့၏သား မောင်ထန်ငွမ်းတွမ် (၂၃)နှစ်သည် သွေးတိုးကာ ၊ လေဖြတ်သွားခဲ့ပါသည် ။ ထို့ကြောင့် ( ၅-၁၂-၂၀၁၄) ဂျိုဟိုးဆေးရုံတွင် ( ၂ ) ကြိမ်တိုင်တိုင် ဆေးကုသမှုခံယူခဲ့ပြီးနောက် အနည်းငယ် သက်သာလာသဖြင့် ၄င်း၏မိဘများမှ ကပုန်း(ရ)ရက်သားသ္မီးနာရေးကူညီမှုအသင်း ( မလေးရှား ) သို့ သားဖြစ်သူအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးပါရန် အကူအညီတောင်းခံလာပါသည်။

ထို့ကြောင့် မလေးရှားနိုင်ငံတွင်ရှိနေကြသော သီတဂူအထောက်အကူပြုအဖွဲ့ ( မလေးရှား ) မှလူနာ ပြန်ပို့နိုင်ရန်အတွက် စာရွက်စာတမ်းများကူညီပေးခြင်း ၊ မြန်မာနိုင်ငံရှိ ပရီးမီးယား ( ကော်ဖီမစ်) ကုမ္မဏီလီမီတက် နှင့် ကပုန်း(ရ)ရက်သားသ္မီးနာရေးကူညီမှုအသင်း ( မလေးရှား ) လူမှုအဖွဲ့အစည်းများ အချင်းချင်းလက်တွဲကာ ၊ ၄င်း လူနာပြန်လည်ပို့ဆောင်နိုင်အောင် ၊ အလုပ်များမအားလပ်သည့် ကြားက ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် (၃၁-၁၂-၂၀၁၄ )ယမန်နေ့ည MAI လေကြောင်းဖြင့် သီတဂူအထောက်အကူပြုအဖွဲ့ ( မလေးရှား ) ၊ မြန်မာနိုင်ငံရှိ ပရီးမီးယား ( ကော်ဖီမစ်) ကုမ္မဏီလီမီတက် နှင့် ကပုန်း(ရ)ရက်သားသ္မီးနာရေးကူညီမှုအသင်း ( မလေးရှား ) လူမှုအဖွဲ့အစည်းများ အချင်းချင်းလက်တွဲကာ ၊ ၄င်း လူနာအား မြန်မာပြည်ရှိ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရာတွင်၊ ရန်ကုန်လေဆိပ်တွင် နာရေးကူညီမှုအသင်း ( ရန်ကုန် ) လူနာတင်ယဉ်ဖြင့်အိမ် အရောက် ပို့ဆောင်ပေးခြင်းဖြင့် ပြည်တွင်းပြည်ပ လူမှုကူညီစောင့်ရှောက်ရေး အသင်းအဖွဲ့များ ချိတ် ဆက်ပြီး မိဘရပ်ထံရောက်ရှိသည် အထိ ဖေးမကူညီခဲ့ကြပါသည်။

ကပုန်း(ရ)ရက်သားသ္မီးနာရေးကူညီမှုအသင်း ( မလေးရှား )

No comments:

Post a Comment