ကျွန်တော်တို့ကပုန်း(၇)ရက်သားသမီးနာရေးကူညီမှု့အသင်း(မလေးရှား)သည်
မလေးရှားတွင်ရောက်ရှိနေကြသောမြန်မာနိုင်ငံသားလူမျိုးဘာသာမရွေးသေဆုံးသွားချိန်နှင့်လူမှုရေး
ကျန်းမာရေးကိစ္စများအခက် အခဲမရှိစေရန်ရည်ရွယ် ၍(2011)ခုနှစ်တွင်
စတင်ဖွဲစည်းပြီး ယနေ့ထိတိုင် ကူညီနေသောလူမှု့
ကူညီရေးအသင်းအသင်းကြီးဖြစ်ပါသည်။ထို့အပြင်လူမှုရေးပရဟိတလုပ်ငန်းများကိုအခါအားလျော်စွာပြည်တွင်းပြည်ပအသင်းများ
ကုမ္မဏီများနှင့်ချိတ်ဆက်
ကာကူညီခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံတောင်ပိုင်းမြို့နယ်၊ ( ၁၆၈ ) ရပ်ကွက် ၊ အမှတ် ( ၂၅၉ / က ) ဗိုလ်မင်းရောင်လမ်းနေ ၊ အဖ ဦးနိုင်ကြည် ၊ အမိဒေါ်ငွေရီ တို၏ သား မစန်းစန်းနွဲ့၏ ခင်ပွန်း မလေးရှားနိုင်ငံ ၊ ကလန်းမြို့ ၊ ပို့ကလန်းတွင်နေထိုင်ပြီး ၊ ဆောက်လုပ်ရေးအလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား ကိုအောင်ကျော်ဦးသည် (၁၃-၁၂-၂၀၁၄)နေ့တွင် အလုပ်ခွင်တွင် ငြမ်းစင် ပေါ်မှပြုတ်ကျပြီး နံရိုး ၊ ညာဖက်လက် ၊ဘယ်ခြေထောက် တို့မှာ ကျိုးသွားခဲ့ပါသည်။ ၄င်းလူနာသည် ကလန်းမြို့ ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေရာမှ ( ၁၈-၁၂-၂၀၁၄)ရက်နေ့တွင်ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပါသည်။
ထို့နောက်လူနာ၏မိဘများနှင့်အဆက်အသွယ်ပြုလုပ်ရာတွင် မိဘများမှ ၄င်းတို၏ သားဖြစ်သူအား မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးပါရန် ကပုန်း ( ၇ ) ရက်သားသ္မီး နာရေး ကူညီမှု (မလေးရှား ) ထံသို့အကူအညီတောင်းခံလာပါသည်။
ထို့ကြောင့် လူနာရှင်ကိုအောင်ကျော်ဦးအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အတွက် သီတဂူအထောက်အကူ ပြုအဖွဲ့မှပြန်နိုင်ရန်အတွက်စာရွက်စာတန်းများကို၎င်း ၊ အိုဗာစတေးဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့် ရှောက်မှုများကို၎င်း ၊ ပရီးမီးယား ( ကော်ဖီမစ်) ကုမ္ပဏီ နှင့် ကပုန်း (၇) ရက်သားသ္မီးနာရေးကူညီမှု အသင်း ( မလေးရှား ) တို့မှမြန်မာပြည်ရှိ ဆေးရုံသို့ ရောက်ရှိသည်အထိ လေယဉ်လက်မှတ်များကို အခမဲ့ ကူညီဖေးမခဲ့ပါသည်။
ထို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့်ချိတ်ဆက်ကာ ၄င်းလူနာအတွက်လူနာတင်မော်တော် ယဉ်ဖြင့် (၁၅.၁၂.၂၀၁၄)ရက်နေ့ ရန်ကုန်လေဆိပ်တွင် စောင့်ကြိုပြီး ကူညီခဲ့ပါသည်။
ကပုန်း (၇) ရက်သားသ္မီးနာရေးကူညီမှု အသင်း ( မလေးရှား )

No comments:
Post a Comment