Thursday, 18 December 2014

kepong (၇)ရက်သားသမီးနာရေးကူညီမှု့အသင်း ရည်ရွယ်ချက်များနှင့် အသင်း၏ လုပ်ဆောင်ချက်များ



မေး / 1.ကပုန်း ရ ရက်သားသမီးနာရေးကူညီမှုအသင်းကို ဘယ်အချိန်မှာ စတင်ဖွဲ့စည်းခဲ့ပါသလဲ။
မေး / 2.ဘယ်လိုကြောင့် ဖွဲ့စည်းဖြစ်ခဲ့တာပါလဲ။
မေး / 8. အသင်းနာမည်ပေးဖြစ်ပုံ…..
ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှုအသင်းကြီးဖြစ်ပေါ်လာပုံ
         ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖြစ်ပေါ်လာကတော့ ၁၁.၃.၂၀၁၁ နေ့လေးမှာ ကျွန်တော်တို့ ရပ်ကွက်လေးကို ရွေ့ပြောင်း အလုပ်သမား အိမ်ထောင်သည် လင်မယားနှစ်ဦး ရောက်လာခဲ့ပါတယ်။ သူတို့ရောက်လာပြီး ရက်ပိုင်းအတွင်းမှာ သူ့အမျိုးသမီးက နှလုံးရောဂါဖြစ်တယ်။ ပထမအကြိမ် ဆေးရုံတက် လိုက်တယ် သူ့တို့က အလုပ်ကလည်း မယ်မယ်ရရ မရှိသေးတဲ့အချိန်မှာ သူတို့လက်ထဲမှာ ပိုက်ဆံမရှိဘူး။ 

ရှိတဲ့ပိုက်ဆံ လေးတွေက ဆေးရုံတက်ထားတော့ ဆေးဖိုးနဲ့ ဝယ်စရာတွေ ဝယ်ရတော့ ကုန်သွားတယ်။
ဒါနဲ့ ပထမအကြိမ်မှာ ကျန်းမာရေးကောင်းတယ် ဆိုပြီးတော့ ပြန်ဆင်းလာတယ်။ များမကြာမီ ဒုတိယအကြိမ် နှလုံးရောဂါ ပြန်ဖြစ်တယ်။ ပြန်ဖြစ်တယ် အခါမှာ ကျွန်တော့်ကို အကူညီတောင်းတယ်။ ကျွန်တော့်ကို အကူညီတောင်းတော့ သူ့တို့မှာလည်း ဘာမှအထောက်အထား တစ်စုံတစ်ရာ မရှိတော့ မလေးရှားနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် UN ဆေးခန်းကို သွားရပါတယ်။

UN ဆေးခန်းက မြန်မာလူမျိုး ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာန တွေရဲ့မန်ဘာကဒ် သက်ဆိုင်ရာ အဖွဲ့ဝင်ကဒ်ပေါ့နော်။ ဒါတွေပြမှ UN ဆေးခန်းကို ပြလို့ရမှာ အဲဒီတော့ အဖွဲ့အစည်းတစ်ခုမှာ မန်ဘာဝင်ရပါတယ်။ ဝင်ပြီး သူတို့မှာ လင်မယားမှာ နောက်ဆုံး ပိုက်ဆံစု လိုက်တဲ့ အချိန်မှာ နောက်ဆုံး အားလုံးပေါင်းမှ ငွေလေး ၅၀၀ နီးနီးပဲရှိတယ်။

မန်ဘာကဒ်လုပ်တာ တစ်ယောက်ကို ၁၅၀ စီပေးလိုက်ရတယ်။ အဲဒီမှာ အဖွဲ့အစည်းတွေကို ပေးလိုက်တာနဲ့တင် ၃၀၀ ကုန်သွားပြီ။ သူတို့သွားစရိတ်လာစရိတ်နဲ့ဆိုတော့ သူတို့ လက်မှာငွေ ၁၀၀ အစွန်းလေးပဲ ကျန်တော့တယ်။ မန်ဘာကဒ်ရတော UN ဆေးခန်းကိုပြတယ်။ သူမှာ နှလုံးရောဂါက အခြေအနေဆိုးနေတဲ့ အတွက်ကြောင့် နေ့ခင်း ၂ နာရီမှာ မလေးရှား ကွာလာလမ်ပူဆေးရုံကြီးတင်ကို တင်လိုက်ရတယ်။
ဆေးရုံရောက်တော့ ချက်ချင်းပဲ Operations လုပ်လိုက်တယ်။ အဲဒီမှာ လူနာက သတိမေ့သွားပြီး ၁၄ ရက်နေ့မနက်၆ နာရီမှာ ဒီအမျိုးသမီးလေးမှာ သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့အခါမှာ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုကို အကြောင်းကြားတယ်။ သေဆုံးသွားတဲ့သူကလည်း ဒီအဖွဲ့အစည်းရဲ့ မန်ဘာဆိုတော့ နာရေးကိစ္စများ လာရောက်ကူညီပေးဖို့အတွက် အကြောင်းကို ပြောတော့ အဖွဲ့အစည်းက လာခဲ့မယ် လာခဲ့မယ်ပြောပြီး တော်တော်နဲ့ ရောက်မလာခဲ့ဘူး။

ကျွန်တော်တို့ ဖုန်းဆက်တိုင်း လာနေပြီ လာနေပြီပဲ ပြောတယ်။ အဲဒါနဲ့ နေ့လည် ၁၂ နာရီလောက်မှာ အဖွဲ့အစည်း ခေါင်းဆောင်တစ်ယောက် ရောက်လာတယ်။ ရောက်လာပြီး အကျိုးအကြောင်း သူ့ကိုပြောပြတယ်။ ဆရာဝန်တွေနဲ့ ဝင်တွေ့တဲ့အခါမှာ အမျိုးသမီးက သေဆုံးသွားပြီဖြစ်လို့ နာရေးကိစ္စနဲ့ ပက်သက်ပြီး ကူညီပေးဖို့ သူတို့မှာလည်း ပိုက်ဆံမရှိတဲ့အကြောင်း အတတ်နိုင်ဆုံး ကူညီပေးဖို့ပြောပြပါတယ်။
ပြောပြတဲ့အခါမှာ သူတို့အသင်းခေါင်းဆောင်က ဘာပြောလဲဆိုတော့ နာရေးကိစ္စသဂြိင်္ုလ်ဖို့အတွက် ပိုက်ဆံ ၉၀၀ ပေးရင် လုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ မသိနားမလည်ကြဘူး။ အဲဒါမှာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ရှိတဲ့ နီးစပ်ရာ မြန်မာတွေဆီမှာ အလှူငွေ ကောက်ခံပြီး ပေးလိုက်ရပါတယ်။

သွားပေးပြီး ၁၆ ရက်နေ့မှာ အဲဒီအမျိုးသမီး နာရေးကိစ္စကို သဂြိင်္ုလ်လိုက်ပါတယ်။ သဂြိင်္ုလ်ပြီးည ၇ နာရီမှာ ရပ်ကွက်မှာရှိတဲ့ လူငယ်တွေကို စုစည်းပြီး နောက်နောင် ဒီလိုနာရေးကိစ္စတွေကို ကြုံလာတဲ့အခါမှာ ကူညီပေးနိုင်ဖို့အတွက် အတွက် နာရေးကူညီမှု အသင်းလေးဖွဲ့မှာပဲ ဆိုပြီး စတင်ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်က ဆိုတော့ အားလုံး ပါတယ်ပေါ့။

မလေးရှားကို ရောက်နေတဲ့ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ အစွမ်လာမ်ဘာသာ ဝင်တွေပေါ့။ မြန်မာလူမျိုးတိုင်းကို အကူညီ တောင်းခံလာရင် အားလုံး ကူညီနိုင်ရန်အတွက် အခုလို နာရေးအသင်းလေးကို ဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့
နာရေးအသင်းကို မဖွဲ့ခင်ကတည်းက ၂၀၁၁ -၂ လပိုင်းလောက်မှာ စွန်းလွန်းဂူ ၀ိပဿနာ ဓမ္မရိပ်သာ အစင်ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဦးတိလောကမှ မလေးရှားနိုင်ငံကို ကြွရောက်လာတဲ့ အချိန်မှာ ကပုန်းနာရေးကူညီမှု အသင်းကြီးကို စတင်ပေးခဲ့တယ်။

နာရေးကိစ္စတွေမှာ လူငယ်တွေကူညီနေကြတာတွေ့လို့ ကျွန်တော်တို့ကိုလည်း ဒီလို နာရေးကိစ္စရပ်တွေကို ကြုံကြိုက်တဲ့ အခါမှာ ကူညီပေးဖို့ အတွက် မိန့်ကြားခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လူငယ်တွေကလည်း လက်ခံကြတယ်။ ၁၆ ရက်နေ့မှာ ကျွန်တော်တို့ နာရေးအသင်းလေးကို ဖွဲ့စည်းပြီး ၁၇.၄.၂၀၁၁ မှာမလေးရှား တစ်နိုင်ငံလုံးကို ဂျာနယ်တွေဆီကနေ ကြေငြာတယ်။

နာရေးကိစ္စတွေကို လူမျိုးမရွေး ဘာသာမရွေး မြန်မာနိုင်ငံသား မှန်သမျှ ကူညီပေးမဲ့ အကြောင်းကို ကြေငြာချက်ပြီး ကျွန်တော်တို့ရဲ့ ဖွင့်ပွဲလေးကို ကပုန်းဘုန်းကြီးကျောင်းမှာ လုပ်တယ်။ ကပုန်း ဘုန်းကြီးကျောင်းမှာ လုပ်တဲ့အချိန်မှာ ကျွန်တော်တို့မှာ ငွေကြေးမရှိတဲ့ အတွက်ကြောင့် ဦးသက်ဆွေ ဒေါက်တာစီလေးခိုင် တို့ရဲ့အလှူဒါန လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ လုပ်အားနဲ့ ဒါနယူပြီး ဖွင့်ပွဲလေးကို ကျွန်တော်တို့ လုပ်ပေးဖြစ်ခဲ့ပါတယ်။
မေး / 3.မလေးရှားက မြန်မာတွေရဲ့ လူနေမှု ဘ၀တွေကို သိလိုပါတယ်။
မလေးရှားရှိမြန်မာအလုပ်သမားများ၏လူနေမှု့ဘ၀မှာအရမ်းသနားစရာကောင်းပါသည်။လကုန်လျှင် မိဘ၊ညီအကိုမောင်နှမ၊ဇနီးသားမယား၊များထံသို့ရရှိသောလုပ်အားခများကိုပို့ပေးပြီးသောအခါအရေးပေါ် ကျန်းမာရေးကြုံတွေ့သောအခါကူညီမည့်သူမရှိခြင်းတို့ကိုကြုံတွေ့ရပါသည်။
မေး/ 4.နာရေးကူညီမှုအပြင် စိတ်ခွန်အားရရှိဖို့ ဘာတွေဆောင်ရွက်ပေးဖြစ်ပါသလဲ။
နာရေးကူညီမှု့အပြင်စိတ်ဓါတ်ခွန်အားရရှိစေဖို့ကျန်းမာရေးဟောပြောပွဲများလူငယ်ထုအချင်းချင်းတွေ့ဆုံ                                               နှုတ်ဆက်ပွဲများရဟန်းခံရှင်ပြုပွဲများကူညီဆောင်ရွက်ခဲ့ပါသည်။
မေး/ 5.ပရဟိတနဲ့ ပက်သက်ပြီး စံထားရတဲ့သူကို သိပါရစေ။
ပရဟိတနှင့်ပက်သက်င်္ပြီးစံထားရသူများမှာဦးကျော်သူတို့ဇနီးမောင်နှံပင်ဖြစ်သည်။
မေး/ 6.ရှေ့ဆက် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတာတွေကို ပြောပြပေးပါ။
ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးရဲ့ ဦးတည်ချက် ရည်ရွှယ်ချက်လေးကတော့ ၅ ချက်ရှိပါတယ်။
အသင်း၏ရည်ရွယ်ချက်(၅)ချက်

၁။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းသည် မည်သူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက် မဖြစ်စေရ ၊ အများမကျိုးအတွက် ကူညီဆောင်ရွက်ပေး နိုင်သော အသင်းကြီးသာ ဖြစ်စေရမည်။

၂။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းသည် သေဆုံးသူ၏ ရုပ်အလောင်းအား ကိုးကွယ်သည့် ဘာသာအလိုက် အကောင်းဆုံး ကူညီသဂြိုလ် ဆောင်ရွက်ပေးနိုင်စေရမည်။

၃။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှုအသင်း အသင်းသားအားလုံးတို့သည် နာရေးကိစ္စဆောင်ရွက်သည့် အချိန်တွင်ဖြစ်စေ ပြင်ပအချိန်တွင် ဖြစ်စေ နာရေးရှင်ထံမှ ငွေကြေးတောင်းခံခြင်းနှင့် အခြားသော အရာများ တောင်းခံခြင်းများ မပြုလုပ်ရန် ထိန်းသိမ်းကာကွယ်နိုင်ရမည်။

၎။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းသည် တိုးတက်ခိုင်မာ လာသည်နှင့်အမျှ အခြားသော ပရဟိတကိစ္စများကိုလည်း တတ်အားသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရမည်။

၅။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းဝင်များသည် နိုင်ငံရေးနှင့် အခြားသော လူမှုရေး ဖောက်ပြန်မှုများ ပက်သက်ဆက်နွယ်မှု မရှိစေရန် ထိန်းသိမ်း စောင့်ရှောက်စေနိုင်ရမည်။ ဆိုတဲ့ အချက်တွေကို  ရည်ရွှယ်ချက်(၅)ချက်အဖြစ် ချမှတ်ထားပါတယ်။
မေး / 7.အဖွဲ့အနေနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေက                                                              ဘာတွေများဖြစ်မလဲ။ဘယ်လိုရင်ဆိုင်ကျော်လွားပါသလဲ။
 
ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖွဲ့စည်းတဲ့ အချိန်က အခက်အခဲတွေအများကြီး ရှိပါတယ်။ ဒီလိုအသင်းကြီးကို စဖွဲ့တဲ့ အခါမှာ ကျွန်တော်တို့လည်း အားလုံး နား မလည်သေးဘူး ဆိုတော့ လိုအပ်တဲ့ ပညာသင်ရတယ် လေ့လာရတယ်။ နောက်တစ်ခုက ငွေကြေးအပိုင်းတွေမှာ အခက်အခဲ ဖြစ်ရပါတယ်။ နာရေးတစ်ခုကို မလေးရှားမှာ ငွေ ၁၈၀၀ နဲ့ ၂၀၀၀ ပတ်ဝန်းကျင် လောက်ကုန်ကျပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့ အလုပ်ပိတ်ရက်တွေမှာ သက်ဆိုင်ရာမြို့နယ်တွေမှာ ရှိတဲ့မြန်မာ စားသောက်ဆိုင်တွေ နီးစပ်ရာမှာ ရှိတဲ့ကျွန်တော်တို့ အလှူခံလုပ်တာတွေ လုပ်ရပါတယ်။ အဲလိုလုပ်ဆောင် နေကြတာကို မြန်မာတွေက ကဲ့ရဲ့လှောင်ပြောင်ကြတာကို ကျွန်တော်တို့ ခံခဲ့ရပါတယ်။ အများပြောဆိုတာတွေပေါ့။ နောက်တစ်ခုက အသင်းအဖွဲ့တွေက တိုက်ခိုက်တာတွေကို ခံခဲ့ရပါတယ်။

အဲလိုကြိုးစားရင်း အခုဆိုရင်တော့ ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှ နာရေးကိစ္စပေါင်း ၂၂၅ လောက်ကို အောင်မြင်စွာ ကူညီပေးနိုင်ခဲ့ပါတယ်။ မြန်မာပြည်ကိုလည် လက်ရှိစာရင်အရ (၁၀)လောင်း ကူညီသဂြိုလ်ဖို့ ပို့ဆောင်ပေးခဲ့ပါတယ်။ တစ်ခါတစ်လေ မလေးရှားမှာ တစ်ရက်တည်း ၂ လောင်းကနေ ၃ လောင်း ၄ လေင်းအထိရှိပါတယ်။ အဲလိုအချိန်မှာ ကျွန်တော်တို့ဖက်ကနေ အဆင်ပြေအောင် လူစုခွဲပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းက လုပ်ဆောင်မှုတွေကို လူတွေကလည်း ပိုသိလာတော့ အခုဆိုလာရောက်ပြီး ငွေကြေးပိုင်းတွေကို လှူဒါန်းကြပါတယ်။ အရင်လောက်တော့ အခက်အခဲ မရှိတော့ဘူး ။ အားလုံး သူ့ဟာလေးသူ အဆင်ပြေလာပါတယ်။
မေး/ 9.သူတပါးကို ကူညီရတဲ့ ခံစားချက်ကို ပြောပြပေးပါ။
 
  တောက်လောင်နေသောအပူမီးတခုကိုမျှဝေပြီးငြိမ်းပေးရတဲ့အတွက်ပြောပြလို့မရနိုင်တဲ့ပီတိမျိုးရရှိပါသည်။

မေး / 10.လူတွေက ရစရာကို ပျော်စရာကောင်းတယ်လို့ထင်ကြတယ် တကယ်က ပေးရတာကမှ ဘ၀အရသာဆိုတဲ့ စကားကိုကြားဖူးပါတယ်။အဲ့စကားပေါ်အမြင်လေး သိချင်ပါတယ်။
လောကမှ လူတွေရှိတယ် လူသဘာဝဆိုတာ လိုချင်တယ် မက်မောတယ် ရနိုင်သမျှပိုလိုချင်တယ် လိုတာရရင်ပျော်တယ် ကျေနပ်တယ် ရတဲ့အပေါ်မှာ ကျေနပ်ပေမယ့် မလုံလောက်သေးပဲ နောက်ထပ် ထပ်ထပ်ပီး လိုချင်တာလည်းလူပါပဲ..
ဒါကိုက လူရဲ့ သဘာဝဖြစ်နေလို့ လူတွေက ပျော်စရာရယ်လို့ စွဲမှတ်တာပဲလေ လောကသဘာဝကတော့ အဲလိုမဟုတ်ဘူး
အားလုံးကိုပေးဆပ်နေတာ တစ်ခြားအများကြီး မတွေးပဲနဲ့ ကိုယ်ရပ်တည်နေတဲ့ လောကြီးကိုပဲ ရိုးရိုးလေးမြင်ကြည့်ပါစို့...
လောကကြီးက ပေးတဲ့ သဘ၀တွေအားလုံးကို လူတွေက ကျေနပ် ပျော်ရွှုင်စွာနဲ့ သုံးစွဲနေတယ် ဒါကို လောက သဘာဝက ဘာအပြစ်ဆိုသလဲ ဒါကို သာဓက ထားပီးကြည့်လိုက်ရင် ရယူတဲ့သူတွေက ပျော်စရာထင်နေတယ်လေ
တကယ်တမ်း ပေးဆပ်နေတဲ့ လောကကြီးကမှ မြတ်တာ အဲဒီလို အသိလို အသိဥာဏ်ရှိတဲ့လူတွေက တွေးမယ် ကျင့်သုံးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ဘာသာတရားအရ ပြန်ကြည့်လိုက်ရင်လည်း ပေးဆပ်ခြင်းတွေသာပဲရှိကြတာလေ
အဲဒါ လောက အရသာ ကိုသိမြင်လို့ ဒီလို ပေးဆပ်နိုင်ကြတာပါပဲ။
မေး / 11.အဖွဲ့ရဲ့ဆောင်ရွက်ချက်တွေကို ကြားသိမြင်တွေ့နေရပါတယ် ပိုပြီးသိရအောင် ကျယ်ကျယ်ပြန့်ပြန်လေးပြောပြလို့ရမလား။
    
ဟုပ်ကဲ့ ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှုအသင်းရဲ့လုပ်ဆောင်ချက်ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
အသင်း၏လုပ်ဆောင်ချက်(၅)ချက်
၁။ သေစာရင်းအတည်ပြုချက်များ ကူညီဆောင်ရွက်ပေးခြင်း ....
၂။ နာရေးဖိတ်ကြားလွှာများ ကူညီဆောင်ရွက်ပေးခြင်း ...
၃။ ဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း ၊ ဗလီ ၊ ခရစ်ယာန်ကျောင်း စတဲ့သဂြိုလ်မည့် သုဿန်သို့ ဆက်သွယ်                                                                                                                .   ကူညီဆောင်ရွှက်ပေးခြင်း ...
၎။ သေဆုံးသူရဲ့ ဓလေ့ထုံးတမ်း အစဉ်လာအရ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများကို ကူညီ ဆောင်ရွက်ပေးခြင်း  
၅။ ရုပ်အလောင်း သယ်ဆောင်မည့် ယာဉ်နှင့်လိုက်ပါ ပို့ဆောင်မည့်ယာဉ်များ ကူညီဆောင်ရွက်ပေးခြင်း ...

                               
၁။ သေစာရင်းအတည်ပြုချက်များ ကူညီဆောင်ရွက်ပေးခြင်း ....
   
အသေးစိတ် အနေနဲ့ ရှင်းပြရမယ်ဆိုရင် မြန်မာသံရုံးမှာ စာတင်ပြီး သေဆုံးကြောင်းနှင့် မီးသဂြိုလ်ခွင့်ကို      တောင်းခံရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့နေပြည်တော် ကောင်စစ်ဝင်ရုံးကို စာတင်ပေးရပါတယ်။ မြန်မာနိုင်ငံရုံးကို စတင်တဲ့ အခါမှာတော့ သေဆုံးသူမိသားစုမှ စာတင် အကြောင်းကြားရပါတယ်။ လုပ်ထိုး လုပ်နည်းကတော့ အသင်းက ညွန်ကြားပေး ရပါတယ်။
ကျွန်တော်တို့အသင်းက မြန်မာနိုင်ငံမှာ အသင်းခွဲ မရှိတဲ့အတွက် ဖြစ်ပါတယ်။ နေပြည်တော်မှာ စတင်ပြီးရင် မလေးရှားက မြန်မာသံရုံးကို တိုက်ရိုက်ပို့ပေး ရပါတယ်။ မလေးရှားက မြန်မာသံရုံး ကစာအထွက်ရမှ သာလျှင် သေဆုံးသူရဲ့ ရုပ်အလောင်းကို မီးသဂြိုလ်ခွင့် ရရှိပါတယ်။ အကယ်၍ သေဆုံးသူက UN (ဒုက္ခသည်လက်မှက်) ကိုင်ဆောင်ထားတယ်ဆိုရင် UN ရုံးကို အကြောင်းကြားပြီး နာရေးကိစ္စများကို ဆောင်ရွက်ရပါတယ်။

၂။ နာရေးဖိတ်ကြားလွှာများ ကူညီဆောင်ရွက်ပေးခြင်း ...

သေဆုံးသူနဲ့ ပက်သက်တဲ့ မိဘဆွေမျိုး ညီအစ်ကို မောင်နှမတွေနဲ့ မိသားစုဝင် အသိ မိတ်ဆွေတွေကို အကြောင်းကြား ပေးရပါတယ်။

၃။ ဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း ၊ ဗလီ ၊ ခရစ်ယာန်ကျောင်း စတဲ့သဂြိုလ်မည့် သုဿန်သို့ ဆက်သွယ်    ကူညီဆောင်ရွှက်ပေးခြင်း ...

သေဆုံးသူရဲ့ ကိုးကွယ်တဲ့ ဘာသာအလိုက် ဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း ဗလီ ခရစ်ယာန်ကျောင်း စသဖြင့် ကျွန်တော်တို့ ကပုန်း(၇) ရက် သားသမီး နာရေးကူညီမှု အသင်းကြီးက ပြုလုပ်ဆောင်ရွက်ပေးရပါတယ်။

၎။ သေဆုံးသူရဲ့ ဓလေ့ထုံးတမ်း အစဉ်လာအရ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများကို ကူညီ ဆောင်ရွက်ပေးခြင်း

သေဆုံးသူရဲ့ ကိုးကွယ်တဲ့ ဘာသာအလိုက် အစဉ်လာအရ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများကို လုပ်ဆောင်ပေးပါတယ်။

၅။ ရုပ်အလောင်း သယ်ဆောင်မည့် ယာဉ်နှင့်လိုက်ပါ ပို့ဆောင်မည့်ယာဉ်များ ကူညီဆောင်ရွက်ပေးခြင်း ...

ရုပ်အလောင်း သယ်ဆောင်မည့် ယာဉ်နှင့်လိုက်ပါ ပို့ဆောင်မည့်ယာဉ်များကို ဆောင်ရွက်တဲ့နေရာမှာ တစ်ချို့သေဆုံးသူတွေက နယ်ဝေးမှာ သေဆုံးကြတယ်ဆိုတော့ အလောင်းတွေကို ဆေးရုံကို ပို့ဆောင်ပေးရပါတယ်။

မှက်ချက် ။ တစ်ခုအနေနဲ့ကတော့ နာရေးကိစ္စများ ဖြစ်ပေါ်လာလျှင် အမှန်တကယ်လိုအပ်တဲ့ ကိစ္စများ အတွက်သာ ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးအဖွဲ့မှ စီစစ်ပြီး ကူညီဆောင်ရွက် ပေးပါတယ်။
မေး/12.ပရဟိတနဲ့ သော်လည်းကောင်း စိတ်ဓာတ်မြှင့်တင်ရေးအ၇သော် လည်းကောင်း မှတ်သားထားတဲ့                           .   အဆိုအမိန့်တွေရှိရင် သိပါရစေ။
   ပရဟိတအသင်းများအနေဖြင့်မည်သို့မည်ပုံပြုလုပ်ရမည်ဟုပုံသေသတ်မှတ်ချက်မရှိပါ။အဓိကလက်တွေ့ ပိုင်းတွင်ဖြတ်ကနဲပေါ်ဆတ်ကနဲ့လုပ် လုပ်ဆောင်မှု့မျိုးဖြစ်သည်။
မေး / 13. မြန်မာလူမှုကူညီရေးအသင်း - Malaysia နဲ့ ကပုန်း ရ ရက်သားသမီးနာရေးကူညီမှုအသင်းက ဘယ်လို ဆက်နွယ်ပါသလဲ...
     မြန်မာ့လူမှု့ကူညီရေးအသင်း(Malaysia)နှင့်ကပုန်းနာရေးကူညီမှု့အသင်းမလေးရှားတို့သည်အတူတူပင်  ဖြစ်ပါသည်။
မေး/ 14.အသင်းသားဦးရေ ဘယ်လောက်ရှိပါသလဲ။
     ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အသင်းသား မန်ဘာအရေအတွက် ၂၁၄ လောက်ရှိပါတယ်။ မန်ဘာအသင်းဝင်တွေကိုတော့ ပုံသေသတ်မှတ်လို့ မရပါဘူး မန်ဘာတွေက မလေးရှားက ရွေ့ပြောင်းအလုပ်သမားတွေဆိုတော့ နေရာပြောင်းသွားတာတွေ မြန်မာပြည်ကို့ ပြန်သွားတာတွေ စသဖြင့် ရှိပါတယ်။ ဆိုတော့ မန်ဘာ အသင်းဝင်တွေက များလာနိုင်သလို လူဦးရေလည်း နည်းလာနိုင်ပါတယ် ခင်ဗျာ။ အမြဲးတမ်း နာရေးကို စဆုံ လုပ်ဆောင်နေတဲ့ အမာခံ မန်ဘာကတော့  ၂၅ ယောက်ရှိပါတယ် အလုပ်မှခွင်ယူပီ အလှည့်ကြလုပ်ဆောင်ကြပါတယ်။
မေး/ 15.ကုန်ကျမှု အ၀၀အတွက် ဘယ်လို ရပ်တည်နေတယ်ဆိုတာ သိလိုပါတယ်။
     ကျွန်တော်တို့အသင်း၏ရပ်တည်မှု့ကတော့စေတနာရှင်များ၏လှူဒါန်းမှု့များ၊လစဉ်မန်ဘာကြေးများ၊ အသင်းသားများ၏ပိတ်ရက်များတွင်ပြင်ပအလုပ်လုပ်ကိုင်ပြီးရရှိသောငွေများဖြင့်လည်ပတ်ပါသည်။
 
မေး/ 16.မလေးရှားမှာ မြန်မာတွေ နာရေးဖြစ်လာရင် ဘာကြောင့် ခက်ခဲတာပါလဲ။
     မလေးရှားတွင်နာရေးဖြစ်လျှင်အလုပ်သမားများမှပတ်စ်ပို့ရှိခြင်းမရှိခြင်း၊ပါမစ်ရှိခြင်းမရှိခြင်း၊သေဆုံးမှု့ ကွဲပြားခြားနားခြင်း၊ရဲများကိုကြောက်ရခြင်း၊ဘာသာစကားမကျွမ်းကျင်ခြင်း၊ငွေကြေးမရှိခြင်းစသည်တို့
 ကြောင့်ခက်ခဲမှု့များဖြင့်ရင်ဆိုင်ရပါသည်။
မေး/ 17.ကိုယ့်မြေကိုယ့်ရေ ကနေ ခွဲခွာပြီး ရေမြေခြားက ခံစားချက်ကို ပြောပြပေးစေလိုပါတယ်။
     အမိနိုင်ငံတော်မှတဆင့်မလေးရှားသို့ရောက်ရှိလာသောသူများသည်မိသားစုစားဝတ်နေရေးကြောင့် ရုန်းကန်နေရပြီးပျော်ရွှင်သောသူများမရှိပါ။ကိုယ့်တိုင်းပြည်သာဒီလိုမျိုးတိုးတက်မှု့ရှိခဲ့လျှင်အားလုံးသော သူများသည်အမိမြေသို့ပြန်ကြမည်ဟုယုံကြည်ပါသည်။
မေး/18.မလေးရှားမှာမြန်မာတချို့နဲ့မလေးရှားတချို့ပြသနာတက်စဉ်ကာလမှာအသင်းအနေနဲ့အများကြီးကူညီမှုတွေပေး တယ်  ကြားပါတယ်။ဘယ်လို ကူညီမှုတွေဆိုတာ ပြောပြပေးပါ။.
    ကျွန်တော်တို့်ကပုန်းနာရေးကူညီမှု့မလေးရှားသည်လူမျိုးဘာသာမရွေးမြန်မာပြည်သားအားလုံးကိုတတ်နိုင်           သည့်ဘက်မှအကောင်းဆုံးဖြစ်အောင်အတတ်နိုင်ဆုံးဖြစ်အောင်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။

မေး/ 19.စာဖတ်သူတွေကို ပြောလိုတာများရှိရင်….
       အိမ်ခေါင်းမိုးပေါက်နေမှန်းသိပါလျှက်နဲ့အိမ်ခေါင်းမိုးပေါက်၍ရေကျနေသည်ဟုပြောနေမည့်အစား ပေါက်နေသောအပေါက်များကိုမိမိတတ်နိုင်သည့်ဘက်မှပိတ်ဆို့ပါကမိုးယိုမည်မဟုတ်ပါ။ထို့ကြောင့်စာဖတ်ပရိသတ် များအနေဖြင့်ထိုင်ပြီးဝေဖန်နေမည့်အစားကျွန်တော်တို့နှင့်အတူလက်တွဲကာပရဟိတနယ်ပယ်ထဲသို့ဝင်ရောက်ပြီးကူညီပေးဖို့ဖိတ်ခေါ်ပါသည်။

မေး/ 20.အသင်းကို ဆက်သွယ်ချင်ရင်မည်သို့ ဆွက်သွယ်ရပါမည်နည်…..
၀၁၆-၆၅၇၇-၉၀၃ ။ ၀၁၈၂၄၄၉-၆၈၃ ။၀၁၆-၂၇၂၃-၁၅၅ ။   သို့ဆက်သွယ်နို်င်ပါသည်။

No comments:

Post a Comment