Tuesday, 16 December 2014

ကူညီဖေ့မ-လက်တွဲပရဟိတ

ကျွန်တော်တို့ကပုန်း(၇)ရက်သားသမီးနာရေးကူညီမှု့အသင်း(မလေးရှား)သည် မလေးရှားတွင်ရောက်ရှိနေကြသောမြန်မာနိုင်ငံသားလူမျိုးဘာသာမရွေးသေဆုံးသွားချိန်နှင့်လူမှုရေး ကျန်းမာရေးကိစ္စများအခက် အခဲမရှိစေရန်ရည်ရွယ် ၍(2011)ခုနှစ်တွင် စတင်ဖွဲစည်းပြီး ယနေ့ထိတိုင် ကူညီနေသောလူမှု့ ကူညီရေးအသင်းအသင်းကြီးဖြစ်ပါသည်။ထို့အပြင်လူမှုရေးပရဟိတလုပ်ငန်းများကိုအခါအားလျော်စွာပြည်တွင်းပြည်ပအသင်းများ ကုမ္မဏီများနှင့်ချိတ်ဆက်
ကာကူညီခဲ့ပါသည်။

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ၊ ဇာဂနိုင်တောင်ပိုင်း ၊ ဝင်္ကဘာလမ်း အမှတ် (၃၁၇ )နေ အဖ ဦးအောင်မြင့် အမိဒေါ်သန်း နွယ်တို့၏သား မလေးရှား နိုင်ငံ ၊ ဂျိုဟိုးဘာရူးပြည်နယ် ၊ ဂျိုဟိုးမြို့ စားသောက်ဆိုင်တွင် နေထိုင်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား ကိုရန်မျိုးအောင် သည် (2-12-2014) ရက်နေ့ည ၁၁ နာရီတွင် အလုပ်မှ အိမ်ပြန်ကာ ရေမိုးချိုးပြီး ထမင်းစား သောက်ပြီး ပူအိုက်နေသဖြင့် ပန်ကာဖွင့်ရင်းနေ အိမ်ကြမ်း ပြင်တမံတလင်းပေါ်တွင် ခေတ္ကလှဲလှောင်းရာမှ အိပ်ပျော် သွားခဲ့ပါသည်။
နောက်တနေ့ မနက် (၆)နာရီတွင် အိပ်ရာမှနိုးလာသော အခါ ဘယ်ဖက်ကိုယ်တစ်ခြမ်း မှာလှုပ်ရှားမရ ဖြစ်နေခဲ့ ပါသည်။

ထို့ကြောင့်ဆေးရုံသို့ အရေးပေါ် တင်ဆောင်ကုသရာ (၃)ရက်မြောက်နေ့ အထိကုသပြီး လူနာမှာအနည်းငယ် သက်သာလာခဲ့ပါသည်။
မိဘများမှ ၎င်းလူနာအား မြန်မာပြည်သို့ပြန်လည် ပို့ဆောင် ပေးပါရန် ရတနာစက္ကနာရေးကူညီမှု အသင်း (ဂျိုဟိုး)မှ ကပုန်း(၇)ရက်သားသ္မီး နာရေးညီမှုအသင်း (မလေးရှား) သို့ ၎င်းလူနာအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးပါ ရန် အကူအညီတောင်းခံလာပါသည်။
ထို့ကြောင့် လူနာပြန်ရန်အတွက် အင်မီဂရေးရှင်းဆိုင်ရာ စာရွက်စာတမ်းများကို သီတဂူ အထောက်အကူပြု အဖွဲ့ မှ ကူညီခဲ့ပါသည်။

ပရီးမီယား( ကော်ဖီမစ် ) နှင့် ကပုန်း(၇)ရက်သားသ္မီး နာရေးညီမှုအသင်း (မလေးရှား) တို့ပူးပေါင်းကာ မြန်မာပြည်ရှိ မိသားစုများရှိရာ အရောက် ဖေးမကူညီပို့ဆောင်ခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်)
မှ လူနာပြန်သောနေ့ (15-12-2014) နေ့ ည( ၈း၀၀) နာရီ တွင် ရန်ကုန်လေဆိပ်မှ လူနာတင်ယဉ်ဖြင့်စောင့်ကြို ပြီး မိဘရပ်ထံသို့ ပြန်လည်ပို့ဆောင်ဖေးမကူညီခဲ့ပါသည်။

ကပုန်း(၇)ရက်သားသ္မီး နာရေးညီမှုအသင်း (မလေးရှား)







No comments:

Post a Comment