Wednesday, 17 December 2014

စေတနာ အလှူရှင်များ


ကျွန်တော်တို့ကပုန်း(၇)ရက်သားသမီးနာရေးကူညီမှု့အသင်း(မလေးရှား)သည် မလေးရှားတွင်ရောက်ရှိနေကြသောမြန်မာနိုင်ငံသားလူမျိုးဘာသာမရွေးသေဆုံးသွားချိန်နှင့်လူမှုရေး ကျန်းမာရေးကိစ္စများအခက် အခဲမရှိစေရန်ရည်ရွယ်၍(2011)ခုနှစ်တွင် စတင်ဖွဲစည်းပြီး ယနေ့ထိတိုင် ကူညီနေသောလူမှု့ ကူညီရေး အသင်း(မလေးရှား) အသင်းကြီးဖြစ်ပါသည်။ထို့အပြင်လူမှုရေးပရဟိတလုပ်ငန်းများကို
အခါအားလျော်စွာပြည်တွင်းပြည်ပအသင်းများ ကုမ္မဏီများနှင့်ချိတ်ဆက် ကာကူညီခဲ့ပါသည်။

ယနေ့( 15-12-2014) ရက်နေ့ ညနေပိုင်း မလေးရှားနိုင်ငံ KLIA လေဆိပ်တွင်တွေ့ရှိခဲ့ရသော ဗီဇာအတု့ဖြင့် ( 8-7-2014) ရက်နေ့ ၊မလေးရှားလေဆိပ်အဝင်တွင် စီစစ်ဖမ်းဆီးခံထားရသောမြန်မာနိုင်ငံသား (72)ဦးထဲမှ
ပထမအကြိမ်အဖြစ်၂၀ ဦး ကို မြန်မာ သံရုံး၏အစီအစဉ်ဖြင့်
ပြန်လည်ပို့ဆောင်ပေခဲ့သည်။
ကျန်ရှိသူ ( ၅၂ ) အား တရားရုံးမှ ဆက်လက်စစ်ဆေးခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံသံရုံး၏ အစွမ်းကုန်ကျိုးပမ်းဆောင်ရွက်မှုကြောင့် ကျန်ရှိနေသော ( ၅၂ )ဦးမှာ ပြန်လည်လွတ်မြောက် လာခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသံရုံးသည်လည်း ခေတ်အ ဆက်ဆက် မြန်မာသံရုံးများနှင့် မတူဘဲဆိုးမွေများကို ဖယ်ရှားပြီး မြန်မာနိုင်ငံသားများအရေးကို အစွမ်းကုန်ကူညီခြင်းကိုတွေ့ရှိခဲ့ရပါသည်။
အရပ်ဖက်လူမှုရေး အသင်းများနှင့်လက်တွဲကာ မြန်မာန်ုင်ငံသားအရေးကိုရှေ့ရှု၍ကူညီခြင်းကိုတွေ့ရှိရ၍ အလွန်ပင်အားရဝမ်းသာဖြစ်မိပါသည်။
ဖမ်းဆီးထိမ်းသိမ်းခံထားရသူ(၅၂)ဦးအနက်မှ ပထမအကြိမ် ( ၄၅)ဦးကိုပြန်ပို့ရန် စတင်စီင်္စဉ်ခဲ့ပါသည်။
ကျန်ရှိသော(၇)ဦးအားအစိုးရသက်သေပြုလုပ်ကာတရားခံ(၃)ဦးအား ဥပဒေလမ်းကြောင်းအတိုင်း တိတိကျကျဆောင်ရွက်သွားရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာသံရုံးမှ ၎င်းတို့အားအစိုးရသက်သေ အဖြစ်စီစစ်ကြားနာပြီးပါက
မကြာမှီရက်အတွင်းမြန်မာပြည်သို့ပြန်လည်ပို့ဆောင်ပေး မည်ဖြစ်ပါသည်။
၎င်းဒုက္ခသည်များအမြန်ဆုံးပြန်နိုင်ရန်အတွက် ပရီးးမီးယား
ကော်ဖီမစ် နှင့် ကပုန်း(၇)ရက်သားသ္မီးနာရေးကူညီမှုအသင်း
(မလေးရှား) တို့သည် လူသားအချင်းချင်းကိုယ်ချင်းစာနာ သည့်အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံမြန်မာသံရုံး(မလေးရှား)
နှင့်ပူးပေါင်းပြီးဆောင်ရွက်ရန်သံအမတ်ကြီးအားတင်ပြခဲ့ပါသည်။
ဤသို့တင်ပြခဲ့ရာတာဝန်ရှိသူများက လက်ခံခဲ့သဖြင့်ပြန်ပို့ရန်ကိစ္စရပ်များအားစီစဉ်ခဲ့ပါသည်။
ပရီးမီးယား(ကော်ဖီမစ်)ကုမ္ဗဏီသည် ၂၀၁၃ ခုနှစ် အကြမ်းဖက်ကာလ အတွင်း ဒုက္ခရောက်ရောက်နေသူမြန်မာနိုင်ငံသားများအားပြန်ရန်အတွက် ကပုန်း(၇)ရက်သားသ္မီးနာရေးကူညီမှုအသင်း (မလေးရှား)နှင့်ပူးပေါင်းကာလေယဉ်လက်မှတ် အစောင်ရေ (၅၀၀)ကိုကူညီပံ့ပိုးခဲ့ပါသည်။


ထို့အပြင် မကြာခဏအရေးပေါ်ဖြစ်ပွားနေသော ကျန်းမာရေး အမှန်တကယ် ဒုက္ခရောက်ကာ အခက်အခဲဖြစ်၍မပြန်နိုင်သူများကိုလည်း ပြည်တော်ပြန်နိုင်ရေးအတွက်လေယဉ်လက်မှတ်များအခမဲ့
ပေးလှူနေသည်မှာယနေ့တိုင်အထိဖြစ်ပါသည်။

ထို့အပြင် မိမိတို့ အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်သည့်
အနေဖြင့် နိုင်ရာ နိုင်သရွေ့ အဖက်ဖက်မှ ကူညီ ခဲ့ ကြသောလူမှု အဖွဲ့အစည်းများကိုလည်းအထူးကျေးဇူးတင်ရှိပါသည်။
အထူးသဖြင့် ကူညီပေးခဲ့ကြသော သီတ
ဂူအထောက်အကူပြုအဖွဲ့ နှင့် အိုဗာစတေးဖေါင်ဒေးရှင်း အား၎င်း အဝတ်အထည် အစားအသောက် ဖိနပ်များပါ မကျန်ကူညီလှူဒါန်းခဲ့သော သိဒ္ဓိဝင်းကုမ္ပဏီလီမီတက် ဇာမဏီမြန်မာပစ္စည်းမျိုးစုံရောက်းဝယ်ရေး ၊ကိုသန့်ဇော် (ရွှေကံ့ကော် မြန်မာ ပစ္စည်းရောင်းဝယ်ရေး) ၊ Aung Aung Mike အောင်ကိုမြင့်သားကျော်ကြီးနှင့်ညီအစ်ကို သူငယ်ချင်းများ၊ (မလေးရှား )သားဝတုတ်မိသားစု ၊
ကပုန်း(၇)ရက်သားသ္မီးနာရေးကူညီမှု အသင်း (မလေးရှား) မျိုးဆက်သစ်လူငယ်များနှင့်စေတနာ
ရှင် အလှူရှင်များကိုလည်းကျေးဇူးတင်ရှိပါသည်။


နောက်နောင် လူအချင်းချင်းလှည့်ပတ်ခြင်းများ ကင်းဝေးကြပါစေလို့ ဆုတောင်းနေရင်း MAI လေယဉ် ပေါ်တွင်ပါလာသော အပြုံးများစွာ အတွေးများ စွာ ခရီးသည်များတင်ဆောင်ပြီး အမိမြန်မာပြည်သို့ဝေဟင် စတင်ပြန်သမ်းခဲ့ပါသည်။

ကပုန်း(၇)ရက်သားသ္မီးနာရေးကူညီမှု အသင်း (မလေးရှား)

No comments:

Post a Comment