Thursday, 18 December 2014

ထမင်းထွက်ဝယ်ရာမှဆိုင်ကယ်ဖြင့်မတော်တဆထိခိုက်မှု မောင်အောင်မြင့်ဇင် (သုံးခွမြို့) အသက်၂၃နှစ်


ယနေ့ ....
ဆရန်ဘန်း ဆေးရုံကြီးတွင် တက်ရောက် ကုသ
လျှက်ရှိသော မောင်အောင်မြင့်ဇင် (သုံးခွမြို့) အသက်၂၃နှစ်
အရေးပေါ်ခွဲစိပ်ကုသမှုအား သွားရောက်ကြည့်ရှုဖြစ်ခဲ့ပါသည်...

လူနာအား အားပေးနှစ်သိမ့် ကာ လိုအပ်သည်များကို ဖြည့်ဆည်း ကူညီခဲ့ကြပါသည်။

လူနာအတွက် ထပ်မံခွဲစိတ်ရန်လိုအပ်နေသော အလှူငွေများအား
ကူညီပံ့ပိုးပေးနိုင်ရန် ၊ အောက်ဖေါ်ပြပါအားဆက်လက်ဖတ်ရှု၍
မြန်မာနိုင်ငံသား မောင်နှမ အချင်းချင်းရိုင်းပင်းကူညီပေးစေလိုပါသည်။

ကပုန်း( ၇) ရက်သားသမီးနာရေးကူညီမူ့အသင်း

ဖြစ်စဉ်မှာ...

၁၁.၁၂ှ.၂၀၁၄ ရက်နေ့နေ့လည် ၁နာရီခန့်တွင် ထမင်းထွက်ဝယ်ရာမှ စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ကျောက်၊သယ်ဆောင်သော လော်ရီ တို့တိုက်မိခဲ့ခြင်းဖြစ်ပါသည် ....

ထို့ကြောင့် လက်နှင့် ခန္တာ ကိုယ်အစိတ်အပိုင်းအချို့ ဒဏ်ရာရရှိကာ ခြေထောက် ၂ချောင်းလည်း ကျိုးသွားခဲ့ပါသည် ....

ခြေထောက် ၂ချောင်းအား ဖြတ်ပစ်ရခြင်းမှ ကင်းဝေးစေ
ရန် စတီးရိုး ထည့်၍ ကုသနေကြပါသည်...

ဆေးရုံ ကုန်ကျစရိတ် များအား အနီးအနားရှိမိတ်ဆွေသင်္ဂဟ
များမှ ထိုက်သင့်သလောက် စိုက်ထုပ်ပေးထားကြပါသော်
လည်း ဆက်လက်ကုသစရိတ်ပေးဆောင်ရန် အခက်အခဲ
ရှိနေကြပါသည်....

သို့ပါသောကြောင့် မိတ်ဆွေများအား ဖိတ်ခေါ်အပ်ပါသည်၊
တစ်ယောက်တစ်လက်..အနည်းငယ်စီမျှသော ငွေကြေး
အလှူငွေများအား စုပေါင်း၍ မောင်အောင်မြင့်ဇင်၏ ကျန်း
မာရေး ပြဿနာအားဖြေရှင်းကြပါစို့ဟု နိုးဆော်ဖိတ်ခေါ်
လိုက်ရပါသည်ခင်ဗျား.....။

ဆက်သွယ်လှူဒါန်းလိုပါ ဖုံးနံပါတ်မှာ 019 6491473 ဖြစ်၍

ဘဏ်မှတဆင့် လှူဒါန်းလိုသူများ အတွက် ဘဏ်အကောင့် နံပါတ်နှင့်အမည်မှာ....
7025528707 Aung Than Nyunt (CIMB Bank)ဖြစ်ပါသည်.....

ဘဏ်မှတဆင့် ပေးအပ်လှူဒါန်းသူများ အနေဖြင့် ဘဏ်
စလစ် စာရွက်ငယ်အား ဓါတ်ပုံရိုက် ၍ message box မှပေး
ပို့ပေးစေလိုပါသည်....

ထိုပုံအား အလှူငွေစာရင်း ရှင်းလင်းမြင်သာစေရန် Blog စာမျက်နှာမှ အချိန်နှင့်တပြေးညီ တင်ပြပေးသွားနိုင်ရန်ဖြစ်ပါသည်ခင်ဗျား...
လက်ရှိ ကောက်ခံရရှိပြီး အလှူငွေစာရင်းမှာ...
   
                             
၁။ဦးအောင်သန်းညွန့်(AVA)...............................Rm 100
    ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့-မလေးရှား(လူမှုကွန်)့ (AVA)
၂။ဦးဆန်းဝင်း(ကပုန်းနာရေး).............................Rm 100

၃။ဦးထွန်းအောင်ကျော်(ဦးချစ်ကောင်း_အိုဗာစတေးကူညီ
မှုဖောင်ဒေးရှင်း)...................................................Rm 100

♡ ♡ ♡ ♡ ♡ ♡ ♡ ♡



No comments:

Post a Comment